admin@blazonmyanmar.com +959969924479

2023 မှာ ကိုယ့်ကလေးအတွက် ဘာတွေပြင်ဆင်ထားပြီးပြီလဲ

ဒီနေ့တော့ 2023 မှာ ကိုယ့်ကလေးအတွက် မိဘတိုင်း ပြင်ဆင်ထားသင့်တဲ့ အချက် (5) ချက်ကို ပြောပြပေးချင်ပါတယ်။
(၁) ကိုယ်တတ်နိုင်တဲ့ငွေကြေးနဲ့ ကိုက်ညီမယ့် အကောင်းဆုံးပညာရေးကို လေ့လာရှာဖွေပါ။
(၂) လူမှုပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ အကြောင်းအရာတွေကို အသိပေးပါ။
(၃) ငွေကြေး စီမံခန့်ခွဲတတ်အောင် လေ့ကျင့်ပေးပါ။
(၄) ကျန်းမာစွာ နေထိုင်စားသောက်နည်းကို သင်ကြားလေ့ကျင့်ပေးပါ။
(၅) “NO” ပြောခွင့်ပေးပါ။

(၁) ကိုယ်တတ်နိုင်တဲ့ငွေကြေးနဲ့ ကိုက်ညီမယ့် အကောင်းဆုံးပညာရေးကို လေ့လာရှာဖွေပါ။

မိဘတွေမှာ တစ်ဦးနဲ့တစ်ဦး ငွေကြေးအခြေအနေချင်း မတူနိုင်ကြပါဘူး။ ချမ်းသာ၊ သာမာန်၊ ချို့တဲ့သူ စသဖြင့်ကွဲပြားနိုင်ပါတယ်။ ဒါပေမယ့် အားလုံးမှာတူညီတဲ့အချက်ကတော့ ကိုယ့်သားသမီးကိုချစ်တဲ့အချစ်နဲ့ အကောင်းဆုံးတွေကိုပဲ အမြဲပေးချင်တဲ့ဆန္ဒတွေပါ။
ဒါကြောင့် ကိုယ်က ဘယ်လိုငွေကြေးအခြေအနေမျိုးမှာဖြစ်ဖြစ် အားငယ်နေတာမျိုးဖြစ်စရာမလိုဘဲနဲ့ ကိုယ်တတ်နိုင်တဲ့ပမာဏနဲ့ ကိုက်ညီပြီး ကလေးအတွက်လည်းအဆင်ပြေနိုင်တဲ့ အကောင်းဆုံးပညာရေးကို သိအောင်လုပ်ထားပါ။

(၂) လူမှုပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ အကြောင်းအရာတွေကို အသိပေးပါ။

အခုခေတ်မှာ ကလေးကိုအမြဲအပြင်ခေါ်သွားဖို့ လွှတ်ထားဖို့က အန္တရာယ်များလွန်းပါတယ်။ တစ်ဖက်မှာလည်း ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်နည်းတဲ့ကလေးဟာ ဘဝအကြောင်းသင်ယူလေ့လာမှုမှာ နှေးကွေးပြီး ရင့်ကျက်မှုလည်းနောက်ကျတတ်ပြန်ပါတယ်။
ဒါကြောင့် အန္တရာယ်လည်းကင်းပြီး ပတ်ဝန်းကျင်နဲ့လည်း အဆက်အသွယ်မပြတ်အောင် တစ်ခါတစ်ရံ မိဘတွေနဲ့ အပြင်အတူတူသွားတာမျိုးလုပ်ပေးပြီး ကလေးရဲ့ အသက်အရွယ်အလိုက် သိသင့်သိအပ်တာအားလုံးကို ပြောပြကာ အကောင်းအဆိုး ပိုင်းခြားပြပြီး ရှောင်ရန်၊ ဆောင်ရန်တွေကို သင်ကြားပေးပါ။

(၃) ငွေကြေး စီမံခန့်ခွဲတတ်အောင် လေ့ကျင့်ပေးပါ။

“ရော့ သမီးလေးအတွက် မုန့်ဖိုး၊ သားလေး အရုပ်ဝယ်ဖို့” ဆိုတာထက်… “ဒီမှာ ဖေဖေ၊ မေမေက ဘယ်လောက်ပေးတယ်။ သား/သမီးလေးက ဘယ်လောက်ကိုတော့ မုန့်စားဖို့အတွက် သုံးပြီး ဘယ်လောက်ကိုတော့ လိုချင်နေတဲ့ အရုပ်အကြီးကြီးကိုဝယ်ဖို့အတွက် စုဆောင်းထားသင့်တယ်။” စသဖြင့် ငွေကြေး စီမံခန့်ခွဲတတ်အောင် လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။

(၄) ကျန်းမာစွာ နေထိုင်စားသောက်နည်းကို သင်ကြားလေ့ကျင့်ပေးပါ။

အခုလို ရောဂါဘယတွေ အရမ်းများပြားလာတဲ့ခေတ်ကြီးမှာ ကျန်းမာစွာ နေထိုင်စားသောက်တတ်ဖို့ကလည်း အလွန်အရေးကြီးပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ သား/သမီးတွေကို ငယ်စဥ်ထဲက စနစ်တကျလေ့ကျင့်ပေးထားသင့်ပါတယ်။

(၅) “NO” ပြောခွင့်ပေးပါ။

“ငါမိဘ ငါပြောသလိုလုပ် / ငါလုပ်သလိုမလုပ်နဲ့” ဆိုတဲ့ ထိန်းကျောင်းမှုပုံစံမျိုးကို သင်ကိုယ်တိုင်ခံရမယ်ဆိုရင်ရော သဘောကျမှာလား။ သင်ကိုယ်တိုင်ခံရဖို့ သဘောမကျသလို သင့်ကလေးငယ်ကိုလည်း မပြုမူမိစေဖို့ လိုပါတယ်။
အရေးအကြီးဆုံးအချက်ကတော့ ကလေးငယ်ကို ကိုယ်ကချမှတ်တဲ့စည်းကမ်းတွေမှာဖြစ်ဖြစ်၊ ထိန်းချုပ်မှုတွေမှာဖြစ်ဖြစ် သူတို့မကြိုက်တဲ့အရာ သူတို့အတွက် အဆင်မပြေတဲ့အခါတွေမှာ အဆင်မပြေဘူး၊ မကြိုက်ဘူးပြောခွင့်ရှိကြောင်းနဲ့ ဘာကြောင့်မကြိုက်တာလည်းဆိုတဲ့ Reason ကိုပါပြောပြတတ်ဖို့ သင်ပေးထားဖို့ လိုအပ်ပါတယ်

RECENT ACTIVITY

Brand Ambassador Program
2023-09-19 10:34:12

Data Visualization Training
2023-09-19 09:57:13

Barbie Day
2023-09-19 09:24:53


We are ONE
2023-05-20 10:54:45